Windows 10 Myanmar Font ပြသနာဖြေရှင်းခြင်း
တော်တော်များများလဲ သိပြီးသားဖြစ်မှာပါ။ ဝက်ဆိုဒ်တွေ၊ youtube တွေမှာ တင်ပေးထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အဲ့ဒါတွေကို ကြည့်လေ့လာပြီး မြန်မာဖောင့် ရအောင် ပြုလုပ်ခဲ့တာပါ။ မသိသေးတဲ့လူ တစ်ယောက်နှစ်ယောက် လောက်အတွက် ရည်ညွှန်းပြီး ဒီဆောင်းပါးရေးတာပါ။ ပြီးတော့ တစ်ချို့ Link တွေမှာ Download ဆွဲလို့မရတာမျိုးရှိမယ်ဆိုရင် ကျွန်တော့် ဘလော့မှာ လာဆွဲလို့ ရအောင်ပါ။
အရင်ဆုံး ကျွန်တော်တို့ Zawgyi keyboard တင်ရပါမယ်။ အောက်က Link မှာ ဆွဲလို့ရပါတယ်။
Zawgyi Keyboard Download
ပြီးရင်တော့ ကျွန်တော်တို့ SmartZawgyi Font ဖြစ်ဖြစ်၊ Zawgyi-One Font ဖြစ်ဖြစ် သွင်းရပါမယ်။ နှစ်ခုစလုံးသွင်းလဲရပါတယ်။
SmartZawgyiPro.ttf
ZawgyiOne2008.ttf
ပြီးရင်တော့ System မှာပါတဲ့ Font ကို ပြောင်းရပါမယ်။ Font ၂ ခုစလုံးကို ပြောင်းရမှာပါ။
mmrtext.ttf
mmrtextb.ttf
အဆင်မပြေရင် ဗီဒီယိုလေးကြည့်ပြီး လိုက်လုပ်လို့ရပါတယ်။ အစ်ကိုတစ်ယောက်ရဲ့ youtube ပေါ်က ဗီဒီယိုကို တင်ပေးထားတာဖြစ်ပါတယ်။

No comments